Quantcast
Channel: ညီနေမင်း (နည်းပညာ)
Viewing all 304 articles
Browse latest View live

လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ

$
0
0
စာအုပ်အမည်း လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ
ရေးသားသူး မျိုးသူရ
အမျိုးအစားး pdf
အရွယ်အစားး 15.5MB

ဒီစာအုပ်လေးက Computer Basics လေ့လာနေသူများအတွက် များစွာအထောက်ကူပြုပါတယ်။ ဒီစာအုပ်တွင် PC Basics, Window Vista, Word 2007, Excel 2007, Photoshop cs3 နှင့် Nero 8 အကြောင်းကိုရှင်းပြထားပါတယ်။ မိတ်ဆွေများ စိတ်ဝင်စားရင် ဆင်ပြေတဲ့ Link ကနေ Download ယူသွားပါ။ စာအုပ်ကို ဖတ်ကြည့်ချင်ရင် ဒီမှာဖတ်ကြည့်လို့ရပါတယ်။

Google Drive | Zippy Share | Filecloud.io



အဆင့်မြင့် ဒစ်ဂျစ်တယ်ဓါတ်ပုံပညာ

$
0
0
စာအုပ်အမည်း အဆင့်မြင့် ဒစ်ဂျစ်တယ်ဓါတ်ပုံပညာ
ရေးသားသူး တက္ကသိုလ် (ဝင်းစိုး)
အမျိုးအစားး  pdf
အရွယ်အစားး  54.8 MB

ဒီစာအုပ်လေးကတော့ အဆင့်မြင့် ဒစ်ဂျစ်တယ်ဓါတ်ပုံပညာ ကို ဓါတ်ပုံ ဝါသနာရှင်များ၊ ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရန်အတွက်ရည်၇ွယ်၍ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ (ဥပမာ) ပုံရိပ်ဖမ်းခြင်းအဆင့်၊ပုံရိပ်ကိုကျွမ်းကျင်စွာကိုင်တွယ်ပြောင်းလဲခြင်းအဆင့်၊စသဖြင့်ပေါ့နော် ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်တဲ့ နည်းလမ်းပေါင်းစုံကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန်အတွက်ရေးသားထားတဲ့ pdf စာအုပ်လေးဖြစ်ပါတယ်။လိုခြင်သူများ အောက်က downloadလင့်တွင်ဒေါင်းယူနိုင်ပါတယ်ခင်ဗျား။
                                                                 
                                                                 



English-Myanmar Dictionary

$
0
0
  အင်္ဂလိပ်-မြန်မာအဘိဓါန်လေးပါ.
..ကိုယ်သိချင်တဲ့စာလုံးကိုရှာရိုက်လိုက်..အသံထွက်မသိရင်လဲနားထောင်
လို့ရ တယ်..ကွန်ပြူတာသမားတိုင်းဆောင်ထားသင့်တဲ့စာအုပ်လေးပါ။သုံးရတာလည်းတော်တော်လေးလွယ်ကူပါတယ်.. ဖိုင်ဆိုဒ်ကလည်း သေးသေးလေးနဲ့သုံးရတာလွယ်ကူမှာပါ ..မရှိသေးရင်လည်းမြန်မြန် လေးဒေါင်းထားကြနော် ကဲပြောနေ ကြာပါတယ်...စမ်းပြီးအသုံးပြုခြင်
သူများ အောက်က download လင့်လေးမှာဒေါင်းယူနိုင်ပါတယ်ခင်ဗျား။
 ဖိုင်ဆိုဒ်ကတော့ (3 MB) ထဲပါ..အားလုံးဘဲ့အဆင်ပြေကြပါစေ။









                                                             


                                                                     


PGWARE GameBoost

$
0
0
ဒီဆော့ဝဲလေးကတော့ Computerသမားတွေအတွက်အလွန်သုံးဝင်စေမှာပါ။ အရမ်းစက်အားနည်းတဲ့ ကွန်ပြူတာတွေမှာ ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost
လေးထည့်ထားမယ်ဆိုရင်အရင်က ကစားရင် ထစ်နေတဲ့ ဂိမ်တွေကိုအထစ်အငေါ့
 မရှိကစားနိုင်မှာဖြစ်ပါတယ်ခင်ဗျား....ပြီးတော့ အင်တာနက်အမြန်နှုန်းလည်း
မြှင့်ပေးနိုင်ပါတယ်။စက် Modelနိမ့်နေလို့ဂိမ်းကစားလို့အဆင်မပြေဖြစ်ပြီးစိတ်
ဓါတ်ကျနေတဲ့ ကိုကို၊မမ တွေအတွက်အသုံးလိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်မှာ download ယူသွားပါခင်ဗျား.....   
                                                    







ကွန်ပျူတာသုံးစွဲသူတိုင်းအတွက် အင်္ဂလိပ်စာ

$
0
0
စာအုပ်အမည်း ကွန်ပျူတာသုံးစွဲသူတိုင်းအတွက် အင်္ဂလိပ်စာ
ရေးသားသူး မောင်မာင်မြင့်သိန်း(စက်မှုတက္ကသိုလ်)
အမျိုးအစားး pdf
အရွယ်အစားး 588 KB

ဒီစာအုပ်ဟာ Ellen McGill နဲ့ Neild Oldhamတို့ရေးသားတဲ့ Computers for Business people စာအုပ်ကို အဓိက ကိုးကားပြန်ဆို ပြုစုထားခြင်း ဖြစ်ပါတယ်။ Career English အဖြစ် ရေးသားထုတ်ဝေတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်လို့ တင်ပေးလိုက်ပါတယ်။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုကြီးများရဲ့ တိုးတက်မှုဟာ ကွန်ပျူတာတွေရဲ့  စွမ်းဆောင်ရည် မြင့်မားလာအမှုပေါ် မှုတည်ပါတယ်။ ဒီစာအုပ်မှာ ကွဲပြားခြားနားတဲ့ ကွန်ပျူတာစနစ်တွေနဲ့ သူတို့ရဲ့  အသုံးပြုမှုကို ရှင်းပြထားပါတယ်။ကွန်ပျူတာ အသုံးပြုသူများအတွက် အထောက်ကူပြုမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။စိတ်ဝင်စားတဲ့ မိတ်ဆွေများ အောက်မှာ Download ယူကြပါ။ ဒီမှာသွားဖတ်လည်းရပါတယ်။

  Google Drive|Mediafire|

http://www68.zippyshare.com/v/71756672/file.html
http://filecloud.io/r6tvma49
http://www.solidfiles.com/d/b29bb23f4b

Greek Gold Styles For Photoshop

$
0
0
Gold Stylesစတိုင်းလေ မိုက်လောက်လို့တင်လိုက်တယ် Photoshopသုံးတဲ့သူများတွက် သုံးဝင်တယ် အောက်မှာ downlordဆွဲနိုင်ပါတယ်။  
Google Drive | Sharebeast | Zippyshare | Filecloud

IDM fake serial number ပြဿနာ

$
0
0
အားလုံးပဲ ဒီပြသနာကို ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်. IDM သုံးတဲ့သူတိုင်း တွေ့ကြိုရမှာပါ. မေးထားတဲ့သူ အကူအညီတောင်းထားတဲ့သူတွေလည်း နည်းနည်းများတာမို့ ကျနော် ပို့စ်အဖြစ် တင်ပေးလိုက်ပါတယ်.
လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များ
  1. Revo uninstaller, advanced uninstaller, your uninstaller မိမိကြိုက်နှစ်သက်တဲ့ uninstaller ဖြင့် IDM ကို ဖြုတ်ထုတ်လိုက်ပါ။ သတိထားရမည့် အချက်ကတော့ ဖြုတ်ထုတ်တဲ့အဆင့်နောက်ဆုံးအဆင့်မှာ restart လုပ်မှာလားဆိုတဲ့ Message box ပေါ်လာပါလိမ့်မယ် အဲ့ဒါကို cancel ပေးဖြစ်အောင်ပေးပါ။ မဟုတ်ရင် registry ထဲက ဖိုင်ကို delete လုပ်ဖို့အဆင့်ကို ရောက်မှာမဟုတ်ပါဘူး။ အဲ့အဆင့်မှာ cancel ပေးပြီးတာနဲ့ registry ထဲက IDM ဖိုင်တွေကို ဖျက်ထုတ်ပစ်လိုက်ပါ။
  2. ကွန်ပျူတာကို restart ချလိုက်ပါ။
  3. အင်တာနက်ကို ခဏဖြုတ်ထားလိုက်ပါ။
  4. hosts file ကို copy ကူးထည့်ပြီးတော့ (C:\Windows\system32\drivers\etc\hosts) ဖိုင်ကို ဖျက်ထုတ်ပစ်ပြီးတော့ ခုပေးလိုက်တဲ့ hosts ဖိုင်ကို အစားထိုးထည့်လိုက်ပါ။ 
  5. IDM နောက် ဆုံးထွက် version ကို install လုပ်ပြီးတော့ အရင်တုန်းကအတိုင်းဘဲ patch file နဲ့ license version ဖြစ်အောင်လုပ်လိုက်ပါ။
  6. license version ဖြစ်အောင်လုပ်ပြိးသွားရင်တော့ IDM ကို right click ထောက်ပြီး run as administrator နဲ့ ဖွင့်လိုက်ပါ။
  7. ပြီးလျှင် အင်တာနက် ပြန်ချိတ်ပြီးတော့ အသုံးပြုနိုင်ပါပြီ။

 ကဲ အားလုံးပဲ ခဏခဏ message box မပေါ်လာနိုင်တော့ပါဘူး။ အားလုံးပဲ အဆင်ပြေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


Download hosts

Microsoft Excel 2010 အသုံးပြုနည်းစာအုပ်

$
0
0
စာအုပ်အမည်း  Microsoft Excel 2010
ရေးသားသူး ဦးအောင်မြင့် ( M.E., AUSTRALIA )
စာအုပ်အမျိုးအစားး PDF
အရွယ်အစားး 12.1 MB

ဒီစာအုပ်လေးကတော့  Microsoft Excel 2010 အသုံးပြုနည်းစာအုပ်လေး ဖြစ်ပါတယ်။ Excel ကို အသုံးပြုပြီး စာရင်းတွေကို ပြုလုပ်ချင်သူများအတွက် အရမ်းသုံးဝင်တဲ့စာအုပ်လေးဖြစ်ပါတယ်။ လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူနိုင်ပါတယ်။




Adobe PhotoShop Web Designer

$
0
0
စာအုပ်အမည်း  Adobe PhotoShop Web Designer
ရေးသားသူး  Cloud Nine
စာအုပ်အမျိုးအစားး PDF
အရွယ်အစားး 12.8 MB

Adobe PhotoShop Web Designer စာအုပ်လေးကတော့ Web Designer ကို လေ့လာနေသူများအတွက် ဖြစ်ပါတယ်။ Website အတွက် ဒီဇိုင်းပုံလေးတွေ Photoshop ဖြင့် ဘယ်လို ဖန်တီးမလဲဆိုတာကို ရှင်းပြပေးထားတဲ့ စာအုပ်ကောင်းလေးဖြစ်ပါတယ်။ Web Designer သမားများ လိုချင်ရင်တော့ အောက်မှာ ကြိုက်တဲ့လင့်ကနေ Download လုပ်ယူနိုင်ပါတယ်။

Google Drive | Zippshare | Rapidshare | Filecloud | Sharebeast

Mavis Beacon Teaches Typing Platinum 20

$
0
0
ဒီဆော့ဝဲလေးကတော့ Typing ဆော့ဝဲလေးဖြစ်ပါတယ်။ ကွန်ပျူတာကို စတင်လေ့လာ သူများအတွက် ကီးဘုတ် လက်ကွက်များ လေ့ကျင့်ရာမှာတော့ အရမ်းကို ကောင်းမွန်ပါတယ်။ ကမ္ဘာမှာ ရွှေတံဆိပ်ဆုတောင် ချီးမြှင့်ခံခဲ့ရတဲ့  Typing ဆော့ဝဲလေးဖြစ်ပါတယ်။ သင်ခန်းစာတွေကလည်း တဆင့်ပြီး တဆင့် ကောင်းမွန်ပြီး တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ လိုချင်ရင်တော့ အောက်မှာ  Download လုပ်ယူနိုင်ပါတယ်။

Zippyshare | Rapidshare | Filecloud |

Business Cards MX

$
0
0
Business Cards MX ဆော့ဝဲလေးကတော့ လိပ်စာကဒ်လေးတွေကို ဖန်တီးတဲ့ နေရာမှာ အသုံးဝင်ပါတယ်။ စီးပွားရေးလုပ်ကိုင်နေကြတဲ့ သူတွေအနေနဲ့ ကိုယ်တိုင် လိပ်စာကဒ်လေးတွေ ဖန်တီးဖို့ ဒီဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်။ လိုင်စင်ဗားရှင်းဖြစ်ဖို့အတွက် Serial number လည်း တခါတည်း ထည့်ပေးထားပါတယ်။လိုချင်သူများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Zippyshare | Rapidshare | Filecloud


The Best Questions

$
0
0
စာအုပ်အမည်းThe Best Questions

ရေးသားသူး ဦးအဂ္ဂ [တောင်ငူ]
အမျိုးအစားး  pdf
အရွယ်အစားး  4.73 MB

ဒီစာအုပ်လေးကတော့ [The Best Questions] အင်္ဂလိပ်စာ လေ့လာလိုက်စားသူများ နှင့်အလုပ်လျှောက်ရာတွင် အင်တာဗျူးဖြေဆိုမည့်သူများ 
အားလုံးအတွက် အကောင်းဆုံးမေးခွန်းများ နှင့် အသင့်တော်ဆုံးအဖြေများကိုအကောင်းဆုံးဖြင့်လေလေ့လာနိုင်အောင်ရေးသားဖော်ပြထားသည့် 
( Let’s speak English happily. ) pdfစာအုပ်လေးဖြစ်ပါတယ်။လေ့လာလိုသူများ အောက်က လင့်မှာဒေါင်းယူသွားနိုင်ပါတယ်ခင်ဗျား။

                                     

                                         



IDM fake serial number ပြဿနာ ဖြေရှင်းနည်း

$
0
0
IDM သုံးတဲ့သူငယ်ချင်းများ အားလုံးပဲ့ အဲဒီ ပြသနာကို ကြုံတွေ့ နေရပြီး တော်တော်လေးကို အခက်တွေ့ နေပါတယ် အဲဒီပြသနာကို ဘယ်လိုမျိုးဖြေရှင်းရမလဲ ဆိုတာကို ကျွန်တော် အောက်မှာ ပုံနဲ့ တကွ ရှင်းပြထားပါတယ်
  1.  ပထမဦးစွာမိမိစက်ထဲမှာ ရှိတဲ့ IDM ကိုအရင်ဖြုတ်ရမှာဖြစ်ပါတယ်။အဲလိုမျိုးဖြုတ်ဖို့ အတွက် Revo uninstaller, advanced uninstaller, your uninstaller စတဲ့  uninstaller တွေ့ နဲ့ ဖြုတ်တာ ပိုပြီးတော့ကောင်းပါတယ်။ Control panel ထဲက Program and features ထဲကရောဖြုတ်လို့ မရဘူးလားလို့ မေးချင်မေးပါလိမ့်မယ်ဖြုတ်တာကတော့ ကြိုက်တာနဲ့ ဖြုတ်လို့ရပါတယ်  IDM ကို Control panel ထဲမှာရှိတဲ့ Program and features နဲ့ဖြုတ်မယ်ဆိုလို့ ရှိလျှင် ကိုယ်ဖြုတ်ချင်တဲ့ Program ရဲ့ data တွေကိုအကုန်လုံးကို ဖျက်ပေးမနိုင်ပါဘူး အဲတာကြောင့် စောစောက ကျွန်တော် ပြောခဲ့တဲ့ uninstaller တွေနဲ့ ဖြုတ်ခိုင်းတာပါ။ကျွန်တော်က advanced uninstaller ကိုအသုံးပြုပြီးတော့ IDM ကိုဖြုတ်ပြပါမယ်... ပုံ(၁) တွင်ကြည့်ပါ
                                                              ပုံ(၁)                                                 ပုံ(၁)တွင်ပြထားသည့်အတိုင်း advanced uninstaller ကိုဖွင့်ပြီး ညာဘက်ထောင့်မှာ အဝါရောင် လေးနဲ့ uninstaller program ကို click တစ်ချက်နှိပ်လိုက်လျှင် ပုံ (၂) တွင် ပြထားသည့်အတိုင်းမြင်တွေ့ ရမှာပါ 
    ပုံ(၂)

    ပုံ(၂) တွင်ပြထားသည့်အတိုင်း IDM ကို click တစ်ချက်ထောင့်ပြီး လက်ညှိးထိုးပြထားတဲ့ Uninstaller ဆိုတာကို ဆက်နှိပ်လျှင် အောက်ကမှာပြထားတဲ့ ပုံ (၃) ကအတိုင်းမြင်တွေ့ ရမှာပါ 
    ပုံ(၃)

    တစ်ခုသတိထားရမှာ IDM ကိုဖြုတ်တဲ့အချိန်မှာ Internet Download Manager ကို ပိတ်ထားဖို့ လိုပါတယ် တကယ်လိုများမပိတ်ထားဘူးဆိုလို့ရှိရင် Uninstall လုပ်ခွင့်ပေးမှာမဟုတ်ပါဘူး သတိထားစေချင်ပါတယ်အောက်ကပုံတွင် ပုံ (၄) တွင်ဆက်ကြည့်ပါ

    ပုံ(၄)
    ပုံ (၅)တွင်ပြထားသည့်အတိုင်း finish ကိုဆက်နှိပ်ပါ
    ပုံ(၅)
    ပုံ(၅)တွင်ပြထားသည့်အတိုင်း finish ကိုနှိပ်လိုက်လျှင် အောက်က ပုံ(၆)တွင်ပြထားတဲ့ Massage Box လေးပေါ်လာပါလိမ့်မည် Ok ကိုမနှိပ်ပဲ Cancel ကိုနှိပ်ပါတကယ်လို့ များမှားပြီးတော့ Ok ကို နှိပ်မယ်ဆိုလို့ ရှိရင် ကွန်ပျူတာဟာ Restart ကျသွားမှာဖြစ်ပြီးတော့ IDM ကို Uninstall လုပ်တာလည်း အထဲက Data တွေကိုကုန်စင်အောင် ဖျက်ပေးမှာမဟုတ်တော့ဘူးအဲတာကြောင့် Cancel ကိုနှိပ်ခိုင်းတာဖြစ်ပါတယ်...ပုံ(၆) တွင်ကြည့်ပါ

    ပုံ(၆)
    ပုံ(၇)ကအတိုင်း next ကိုဆက်နှိပ်ပါ
    ပုံ(၇)
    အောက်ကပုံ (၈) အတိုင်း next ကိုဆက်နှိပ်ပါ
    ပုံ (၈)
    ပုံ(၉)တွင်ပြထားသည့်အတိုင်း ဘယ်ဘက်အောက်နားလေးမှာရှိတဲ့ select ကို click တစ်ချက်နှိပ်ပြီး select all ဆိုတာလေးကို ရွေးပေးလိုက်ပါပြီးလျှင် next ကိုဆက်နှိပ်ပါ
    ပုံ(၉)
    ပုံ(၁၀)မှာလည်း ပုံ(၉)တွင်ပြောခဲ့သလိုပဲ့ select တွင် select all ဆိုတာကိုရွေးပေးပြီး next ကိုဆက်နှိပ်ပါ
    ပုံ(၁၀)
    ပုံ (၁၀)တွင်ပြထားသည့်အတိုင်း next ကိုဆက်နှိပ်လိုက်ပါ ပြီးလို့ရှိရင် Ok ပေါ်လာပါလိမ့်မည် Ok ကို ဆက်နှိပ်ပါ...ပြီးလျှင် computer ကို Restart ချလိုက်ပါ။Restart ချပြီးပြန်တက်လာလျှင် IDM ကို Uninstall လုပ်တာပြီးဆုံးသွားပါပြီ။အခုဆက်လုပ်ရမှာက hots ဖိုင်ကို Download   လုပ် ရ    မှာ ဖြစ်ပါတယ် hots ဖိုင်ကိုဒီမှာယူပါ...ပြီးရင် IDM နောက်ဆုံးထွက် version ကိုဒီမှာ download လုပ်ယူပါ။ Download လုပ်ပြီးလျှင် Internet ကိုခဏပိတ်ထားပါ။Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကိုအရင်ဆုံး copy ကူးပြီးတော့ computer ထဲက (C:\Windows\system32\drivers\etc\)ထဲမှာရှိတဲ့ hots ဖိုင်ကိုဖျက်ထုတ်လိုက်ပြီးတော့ Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကိုထည့်ပါ အောက်က ပုံ(၁၁)၊ (၁၂)၊ (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆) တွင်ကြည့်ပါ

    ပုံ(၁၁)

    ပုံ(၁၂)
    ပုံ(၁၃)
     
    ပုံ(၁၄)
    ပုံ(၁၅)
    ပုံ(၁၆)
    ပုံ(၁၆) မှာပြထားသည့်အတိုင်း hots ဖိုင်ကိုဖျက်ထုတ်ပြီး Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကို အစားထိုးထည့်ပေးလိုက်ပါ။ ပြီးလို့ ရှိရင်ဒုတိယ Download လုပ်လို့ ရလာတဲ့ IDM ကို Install လုပ်ပါ။အရင်ကလုပ်နေတဲ့ပုံစံအတိုင်း patch ဖိုင်ဖြင့် license ဖြစ်အောင်ပြုလုပ်ပါ။ပြီးလျှင် start menu button ထဲကိုဝင်ပြီး Internet Download Manager ကို right click ထောင့်ပြီး run as administrator ကို click တစ်ချက်ပြီးဖွင့်ပါ...ပြီးရင် Internet ကိုပြန်ဖွင့်ပြီးအသုံးပြုနိုင်ပါပြီ အဆင်မပြေမှုများ ရှိပါက အောက်က comment box တွင်မေးမြန်းနိုင်ပါတယ်....အဆင်ပြေကြပါစေ လို့မျှော်လင့်ပါတယ်....

ကွန်ပြူတာအဆင့်ကိုမြှင့်တင်ခြင်းနှင့်ပြုပြင်ခြင်းပညာ

$
0
0

                                             



 စာအုပ်အမည်း ကွန်ပြူတာအဆင့်ကိုမြှင့်တင်ခြင်းနှင့်ပြုပြင်ခြင်းပညာ
ရေးသားသူ
း ဖိုးနိုင်ဝင်း [Masterpiece]


အမျိုးအစားး  pdf
အရွယ်အစားး  16.6 MB

ဒီ စာအုပ်လေးကတော့ကွန်ပြူတာကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ဖို့
ကွန်ပြူတာကိုစတင်လေ့လာသင်ယူလိုသူများအတွက် အသင့်တော်ဆုံး၊လေ့လာရန်အဆင်ပြေဆုံးဖြစ်နိုင်မဲ့ {PC Upgrade & Repair Simplified} pdfစာအုပ်လေးဖြစ်ပါတယ်။
လေ့လာလိုသူများအောက်ကလင့်တွင် download ယူနိုင်ပါတယ်ခင်ဗျား။
      


 


Volume 2

$
0
0
 ဒီ Volume 2 Software လေးကတော့ မိမိရဲ့Computerအသံ၊အတိုး လျှော့ထလုပ်ရမှာပျင်းတဲ့ ကိုကို၊မမ တွေအတွက် ဖိုင်ကို Install လုပ်ပြီ Mouse ဖြင့်အသံ၊ တိုး,လျှော့လုပ်လို့ရအောင်အထူးတင်ပေးလိုက်
တာပါ။စိတ်ဝင်စားတယ်ဆိုရင်တော့ထုံးစံအတိုင်းအောက်ကလင့်မှာ
  download ယူသွားပါခင်ဗျား။

                 


                                                                               




iphone, ipad နှင့် Blog ကို ဖတ်လို့ရပါပြီ။

$
0
0
ကျနော် အရင်တုန်းက android ဖုန်းကိုင်တုန်းက ဖုန်းနဲ့ ၀ဘ်ဆိုက်ကို ကြည့်လို့အဆင်ပြေတယ်။ ဒါပေမယ့် iphone, ipad အဆင်ပြေပြေပေါ်ဖို့လည်း သိပ်ပြီး မစဉ်းစားမိဘူး။ ခု ios 7.0.4 တင်ပြီးတဲ့ အခါကျမှ ကို့ဝဘ်ဆိုက်ကို ipad နဲ့ ပြန်ကြည့်မိတယ်။ လေးထောင့်တုံးပဲ ပေါ်နေတယ်။ zawgyi font လည်း ထည့်ထားတယ်။ ဒါပေမယ့် ကောင်းကောင်းမပေါ်ဘူးဖြစ်နေတယ်။ နောက်တစ်ခု iphone နဲ့ ၀င်ကြည့်တော့လည်း ၀ဘ်ဆိုက်က အဖြူရောင် ကိုယ်ထည်နဲ့ပဲ မြင်ရတယ်။ ipad မှာလို ကွန်ပျူတာမှာ မြင်ရသလို မမြင်ရဘူး။ အဲ့ဒီ့အခါကျမှ ၀ဘ်ဆိုက်ကို ပြန်ပြင်ဖို့ သတိရမိတယ်။ တစ်ချို့ကပြောတယ် ၀ဘ်ဆိုက်ကို ၀င်ရတာ နည်းနည်းလေးနေသလိုပဲတဲ့။ အဲ့ဒါနဲ့ပဲ ကွန်ပျူတာအခမဲ့ (၃)လသင်တန်းကလည်း ပြီးတော့မှာ ရက်ပိုင်းပဲ ကျန်တော့တာဆိုတော့ နည်းနည်းအားလာတာနဲ့။ ၀ဘ်ဆိုက် template ကို အသစ်ပြန်လဲပြီးတော့ Blog ကို ဖုန်းနဲ့ ကြည့်လို့ရအောင် ပြန်ပြင်ဖြစ်လိုက်တယ်။ ခုတော့ ၀ဘ်ဆိုက် ပေါ့သွားတဲ့အပြင် iphone ကော ipad နဲ့ကော ဖတ်လို့ ကြည့်လို့ရသွားပါပြီ။ ကျနော်အခု ကိုယ်တိုင် စာအုပ်လေးတွေ လုပ်နေတယ်။ မနက်ဖြန်ဆိုရင် တစ်အုပ်ပြီးတော့မယ်။ သိပ်အများကြီးမဟုတ်ပေမယ့်။ ခုနောက်ပိုင်း တော်တော်များများသော အကြောင်းအရာတွေကို pdf စာအုပ်လေးနဲ့ သေသေသပ်သပ်လေး အမှတ်တရဖြစ်သွားအောင် စာအုပ်တင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ သင်တန်းကလည်း အားပြီဆိုတော့ ၀ဘ်ဆိုက်ဖက် ပြန်လည့်ဖို့ အားအပြည့် ထည့်လို့ရသွားတာပေါ့။ ခု စာအုပ်အသစ်ထုတ်မယ့် မျက်နှာဖုံးကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်။ စာအုပ်ကတော့ အချောမသတ်ရသေးဘူးဖြစ်နေတယ်။ ကျနော် တစ်ပတ်ကို တစ်အုပ်လောက်တော့ ဖြစ်အောင် တင်ပေးနိုင်ဖို့ ကြိုးစားရေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

ယခု သင်တန်းမှာ သင်ပေးနေတဲ့ သင်ခန်းစာများကို Facebook မှာ Download ယူနိုင် ကြည့်ရှု့နိုင်ပါပြီ

$
0
0
ကျနော် သင်ခန်းစာတွေကို အရင်တုန်းက ဆက်တိုက် တင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့ကတည်း ကနေ ပြတ်သွားတာ ခုချိန်ထိပါပဲ။ အခု ကျနော် နောက်ထပ် ထပ်တင်ရမည့် video သင်ခန်းစာပေါင်း 100 ကျော်လောက် ဖြစ်မယ်ထင်ပါတယ်။ အဲ့တော့ ညီ/ညီမ များဖက်ကနေ အချိန်အတိုင်းအတာ တစ်ခုပဲ ပေးဖို့လိုပါတယ်။ ကျနော် ဖေ့ဘုတ်မှာ မပြတ်တင်ပေးနေပါတယ် ဆိုတာကို သိစေချင်တာပါ။ video ကို ကြည့်ဖို့ internet speed သိပ်မကောင်းတဲ့ သူများအတွက်တော့ ကျနော် Download လုပ်လို့ရအောင် mediafire ကနေ တင်ပေးနေပါတယ်။ တစ်ချို့ အပိုင်းလေးတွေက ရှင်းတော့ ရှင်းပြလိုက်တယ် ဒါပေမယ့် သိစေချင်လို့ ရှင်းပြလိုက်ပေမယ့် သိထားရင် ရပြီဆိုတာမျိုးလည်း ရှိပါတယ်။ သိတော့သိတယ် သိပ်မသုံးဖြစ်တဲ့ tools တွေလည်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ ရွှင်လမ်းချမ်းမြေ့ ကြပါစေ။ video သင်ခန်းစာတွေက အမည်နဲ့ ပေးထားတာဆိုတော့ နည်းနည်းတော့ အစီတကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Facebook page = https://www.facebook.com/NyiNayMinIT
Upload By Nyi Nay Min 
Tutorial class place = Mahachai, Thailand
သင်တန်းကြာမြင့်ချိန် = ၃ လ

အဆိုပါ သင်ခန်းစာများကို ကိုယ်တိုင် လေ့လာလျှင်ဖြစ်စေ တစ်ခြားသူများကို ပြန်လည်ဝေငှလျှင် ဖြစ်စေ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ သင်ခန်းစာထဲတွင် ပါဝင်သော အချက်အလက်များကို ပြန်လည် ရှင်းပြရန်နှင့် စာအုပ်ထုတ်ရန်အတွက် အချိန်အတော် ကြာမြင့်မည် ဖြစ်သဖြင့် နောက်ထပ်ထွက်လာမည့် စာအုပ်များကို စောင့်မျှော် ဖတ်ရှု့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ဖေ့ဘုတ် စာမျက်နှာက video ဖိုင် များဟာ အကျိုးအများကြီး မဖြစ်တောင် ညီ/ညီမများ ကွန်ပျူတာအသုံးပြုနိုင်ဖို့အတွက် လွယ်ကူအကျိုးရှိ မည့် ထောက်တိုင် တစ်ချောင်းဖြစ်လာမယ် ဆိုခဲ့လျှင် ကျနော် ပင်ပန်းရကျိုး နပ်ပါ တယ်။ ခေတ်မီပွင့်လင်းမြင်သာတဲ့ ကျနော်တို့ မြန်မာနိုင်ငံကြီး တိုးတက်ဖို့ လက်အများကြီးလိုပါတယ်။ တစ်ယောက်တည်း တတ်ကျွမ်းနေယုံနဲ့ နိုင်ငံတိုးတက်တယ်လို့ မဆိုလိုနိုင်ပါဘူး။ သဲတဆုပ်နိုင် သဲတစ်ဆုပ်၊ တူတစ်ချောင်းနိုင် တူတစ်ချောင်း၊ ကွန်ပျူတာ တစ်လုံးသုံးနိုင်လျှင် ကွန်ပျူတာတစ်လုံး၊ ကျနော်တို့ ပြည်သူတွေ ဖက်ကနေ တတ်အားတဲ့ အားတွေနဲ့ ကျတဲ့အရပ်ကနေ ကြိုးစားပြီး နောက်တစ်ချိန် လိုအပ်လာမည့် မြန်မာနိုင်ငံရဲ့ လုပ်သားတွေ နေရာမှာ တစ်ခြားနိုင်ငံသားတွေ အစား ကျနော်တို့ နိုင်ငံသား တွေ ၀င်နေရာယူနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ လူတန်းစား အလွှာ အသီးသီး ရှိကြပါတယ်။ အဲ့ဒီ့ လူတန်းစား အလွှာမှာ အောက်ခြေ အလုပ်ကြမ်းသမားကနေ ပညာရှင်များအထိ လူတန်းစားမျိုးစုံရှိပါတယ်။ တရုတ်နိုင်ငံဟာ တစ်ခြားနိုင်ငံခြားသား ခေါ်ခန့်တာ အတော် နည်းပါတယ်။ သူ့နိုင်ငံက အလုပ်သမားလိုအပ်မှု့ကို သူ့နိုင်ငံသားနဲ့ပဲ ပြန်ဖြည့်တင်းပြီး တစ်ခြားတစ်ဖက်ကနေ ထွက်သွားမည့် ၀င်ငွေကို ထိန်းထားတာလဲ နိုင်ငံ တိုးတက်ဖို့ တွန်းအား တစ်ခုပါပဲ။ ကျနော်တို့လည်း တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံအတွက် တတ်အားတဲ့ ဖက်ကနေ တွန်းအားတွေ ပေးနိုင်မယ် ဆိုရင် ကျနော်တို့လိုအပ်နေတဲ့ လိုချင်နေတဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလည်မှာ နေရာတစ်ခု ရလာမှာပါ။ ဘယ်နိုင်ငံတွေပဲ ကျနော်တို့ နိုင်ငံသားတွေ ရောက်နေပါစေ။ အမိမြေကို မလွမ်းတဲ့သူ အမိမြေမှာ နေစဉ်ကာလတွေကို မမက်မောတဲ့သူ ဘယ်သူမှ မရှိပါဘူး။ တစ်ခုခု တိုက်ဆိုင်မှု့ ရှိတိုင်းမှာ အမိမြေကို ပြေးပြီး သတိရမိတာဟာ လက်တို့စရာမလိုတဲ့ အသိတစ်ခုပါ။ ကိုဘယ်ဘာသာ စကားနဲ့ နိုင်ငံခြား ရောက်နေပါစေ။ ဘယ်လောက်ပဲ အမြင့်ကို ရောက်နေပါစေ။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားကို စော်ကားလိုက်တယ်။ မြန်မာနိုင်ငံသားကို နှိပ်စက်လိုက်တယ်ဆိုတဲ့ သတင်းတွေ အပြင်မှာ မတွေ့ရဘဲ အင်တာနက်မှာ ဖတ်ရရင်တောင် သွေးတွေ ဆူဝေလာတတ်ပါတယ်။ ဘာမှန်းမသိတဲ့ဒေါသထွေ ထွက်လာတတ်ပါတယ်။ ဒါဟာ လူမျိုးဆိုတဲ့ လူမျိုးရေး အသိတစ်ခုကြောင့်ပါ။ အဲ့ဒီ့နှိပ်စက်ခံရတဲ့သူ စော်ကားခံရတဲ့သူ မှန်သလား မှားသလား ဘာဖြစ်သလဲဆိုတာက ဒုတိယ အသိတစ်ခုပါ။ ပထမအသိက လူမျိုးရေးအသိတစ်ခုဆိုတာ မြန်မာ့သွေးပါရင် ထည့်ပေးစရာမလိုတဲ့ အသိတစ်ခုပါ။ ဘယ်နေရာပဲရောက်ရောက် ဘယ်ရောက်ပဲ နှိပ်စက်ခံရပါစေ။ ကျနော်တို့ ဘယ်အဆင့်ထိပဲ ရောက်နေပါစေ။ မြန်မာနိုင်ငံသား ကိုယ့်နဘေးမှာ နိမ့်ကျနေရင်ဖြစ်ဖြစ်။ ဒုက္ခရောက်နေရင်ဖြစ်ဖြစ် စိတ်မကောင်းကြီးစွာနဲ့ တစ်ခုခုတော့ ကူညီပေးခဲ့မိတာချည်းပါပဲ။ မကူညီဖြစ်ပဲနဲ့ မြင်ပြီးတော့ ပြန်လာရင်တောင်မှ ညအိပ်တဲ့အချိန်မှာ ကိုမကူညီလိုက်ရတဲ့ ဒုက္ခရောက်နေ တဲ့ မြန်မာတစ်ယောက်ကို မတွေးပဲနဲ့ အတွေးထဲ အလိုလို ရောက်လာမှာပါ။ ကျနော်တို့ ထိုင်းနိုင်ငံမှာ ရောက်နေတယ်၊ မလေးရှားမှာ ရောက်နေတယ်။ စလုံးမှာရောက်နေတယ်။ ဘယ်မှာပဲ ရောက်နေပါစေ။ ကို့အချင်းချင်းတွေ့ရင် ကိုယ့်မြန်မာစကားကို မြတ်မြတ်နိုးနိုး အားပါး တရ ပြောဖြစ်ခဲ့တယ်။  တချိန်ချိန်မှာ အခွင့်အရေးရရင် ငါကမြန်မာကွ ဆိုတဲ့ စိတ်နဲ့ တစ်ခုခုတော့ လုပ်ပြကြည့်ချင်တဲ့စိတ် ပေါ်လာတတ်ပါတယ်။ ကျနော်တို့ နိုင်ငံတိုးတက်ဖို့ သူများအရေးပဲ လိုက်လုပ်ပေးနေတာချည်းပဲ နိုင်ငံတိုးတက်ဖို့မဟုတ်ပါဘူး။ ခု ကျတဲ့ နေရာမှာ ဘယ်နိုင်ငံ ဘယ်ဌာန ဘယ်နေရာမှာပဲ ကျနေကျနေ ကိုကျတဲ့နေရာမှာ ထူးချွန်လာအောင် အဲ့ဒီ့ကျတဲ့နေရာက အလုပ်တစ်ခုကို ပညာရပ်တစ်ခုအနေနဲ့ ရှု့မြင်သုံးသပ်ပြီး ရအောင်ယူခဲ့မယ်ဆိုရင်လည်း နောက်တစ်ချိန်မှာ ကျနော်တို့နိုင်ငံကြီးမှာ အဲ့ဒီ့ယူခဲ့တဲ့ ပညာရပ်တစ်ခုကို တစ်ထောင့်တစ်နေရာက လိုအပ်လာခဲ့မှာပါ။ အဲ့ဒီ့အချိန်မှာ အဲ့ပညာရပ်တစ်ခုကို ကိုယ့်နိုင်ငံသားထဲမှာပဲ ရှိမယ်ဆိုခဲ့ရင် နိုင်ငံခြားသား ငှားနေစရာမလိုတော့ပါဘူး။ ဒါဟာလည်း တစ်ထောင့်တစ်နေရာကနေ တိုးတက်ဖို့ ကြိုးပမ်းမှု့တစ်ခုပါပဲ။ ကိုယ့်နိုင်ငံတိုးတက်ဖို့ ကိုယ့်ဝမ်းစာရှာရင်း ရုန်းကန်ရင်းကနေ လုပ်သွားလို့ရပါတယ်။ ပရဟိတအလုပ် လိုက်လုပ်နေမှရယ်လို့ မဟုတ်ပါဘူး။ အားလုံးက ရှု့မြင်တတ်ခဲ့ရင် ကိုယ့်နိုင်ငံတိုးတက်ဖို့ အတွက် တစ်နည်းမဟုတ် တစ်နည်း ကြိုးစားချင်ကြတဲ့သူချည်းပါပဲ။ ထိုင်းနိုင်ငံမှာဆိုရင် အလုပ်ရှင်ကပေါများပြီး လုပ်မယ့် အလုပ်ကြမ်းသမားက များပါတယ်။ တကယ်တမ်းစက်ရုံတစ်ရုံကို လုပ်ရတာ အလုပ်ကြမ်းသမားတွေပါ။ အလုပ်ရှင်က အလုပ်တစ်ခုရဲ့ ပြသနာနဲ့ ကျွမ်းကျင်မှု့ကို မသိရှိနိုင်ပါဘူး။ အဲ့ဒီ့ အလုပ်ကြမ်းသမားတွေထဲမှာ မြန်မာက 60% လောက်ပါပါတယ်။ တစ်ချိန်ချိန်မှာ အဲ့လို စက်ရုံမျိုးသာ မြန်မာပြည်မှာ ဆောက်ခဲ့ရင် ကျနော်တို့မှာသာ အဲ့စက်ရုံမှာ လုပ်ဖို့ ကျွမ်းကျင် အလုပ်ကြမ်းသမားတွေသာ မရှိခဲ့ရင် ကျွမ်းကျင်နိုင်ငံခြားအလုပ်ကြမ်းသမားတွေ ငှားရမ်းရဦးမှာပါပဲ။ တချိန်တုန်းက မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံသားတွေကို လယ်လုပ်ဖို့ ငှားရမ်းခဲ့ရာကနေ မြန်မာပြည်မှာ အိန္ဒိယနိုင်ငံသားတွေ စတင်ရောက်ရှိလာခဲ့တယ်ဆိုတာ သမိုင်းမှာ သင်ခဲ့ဖူးကြပါတယ်။ တချိန်မှာ အဲ့ဒီ့ အလုပ်သမားပြသနာတွေဟာ ဖြစ်လာဦးမှာပါ။ ဒါပေမယ့် ကျနော်တို့နိုင်ငံက လိုအပ်လာမယ့် အလုပ်သမားတွေကို ကျနော်တို့ နိုင်ငံသားတွေ နဲ့သာ ဖြည့်တင်းနိုင်ခဲ့ မယ် ဆိုရင် ရလာမယ့် လစာငွေကြေးဟာ ပြည်တွင်းသုံးစွဲဖို့အတွက်ပါပဲ။ ပြည်ပကိုပို့ဖို့ ပြည်ပမှာ ကိုယ့်မိသားစုမှ မရှိတာ။ အရာရာကို တဖက်သတ်မတွေးဘဲ ရိုးရိုးလေး ရှု့မြင်သုံးသပ်ကြည့်မယ်ဆိုရင် လက်သန်းက လက်သန်းအလျှောက် လက်ညိုးဟာ လက်ညိုးအလျှောက် အသုံးဝင်ပါတယ်။ အားလုံးပဲ ရွှင်လမ်းချမ်းမြေ့ ကြပါစေ .....

တချို့ဝဘ်ဆိုက်တွေမှာ ကျနော် မြင်တွေ့နေရ၊ ဖတ်နေရပါတယ်။ Software တင်ပေးနေတဲ့ ကျနော်တို့လို ၀ဘ်ဆိုက်တွေက သူတို့ရဲ့ ရန်သူလို သဘောနေကြတယ်။ လက်ညိုးထိုးချင်ကြတယ်။ ကျနော်တို့ စတင်လေ့လာခဲ့တာမှသည် ခုချိန်အထိမှာ အင်တာနက်စသုံးတုန်းက Download လုပ်တာတောင် မလုပ်တတ်ခဲ့ဘူး။ အဲ့အချိန် တစ်ယောက်ယောက်ရဲ့ ကျေးဇူးကြောင့် သိခဲ့ရရင်ပျော်ခဲ့တယ်။ software ဆိုတာ ကိုလိုချင်တဲ့ software ကို ရှာဖို့မပြောနဲ့ ဘာ program က ဘာအတွက် သုံးတယ် ဆိုတာတောင်မှ သေသေချာချာ ဂဃနဏ မသိခဲ့တော့ software ရှာဖို့ဆိုတာ ဝေလာဝေးပါ။ ခု မြန်မာပြည်က လူငယ်တွေ သုံးနိုင်ဖို့ crack version တွေ တင်ပေးနေတဲ့ ကျနော်တို့ဟာပဲ ကြီးလေးတဲ့ အပြစ်ကြီးတစ်ခုကို ကျူးလွန်ထားသလိုလို၊ program ကို သုံးစေချင်လို့ ရှာပေးတာကပဲ နည်းပညာလောကကို အမှောင်တိုက် ဖုံးအောင် လုပ်မည့်သူတွေလို ထင်မြင်သုံးသပ်နေကြတာဟာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ အရာရာကို အကောင်းဖက်က မမြင်ဘဲ အဆိုးဘက်ကချည်းပဲ မတွေးသင့်ပါဘူး။ တကယ်တော့ ကျနော်တို့တွေဟာ ခရီးသည်တွေ ဖြတ်ကူးမှု့လွယ်ကူစေဖို့အတွက် ခင်းပေးထားတဲ့ တံတားတစ်ခုပါပဲ။ ဖြတ်ကူးအနင်းခံရတဲ့သူ အချင်းချင်း၊ တစ်ခြားကိုယ့်လူမျိုးတွေ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာကြံကြတဲ့သူအချင်းချင်း Online က software တင်ပေးတဲ့ သူတွေကို ရန်သူကြီးတစ်ယောက်လို၊ မြန်မာပြည် IT လောကကို အမှောင်တိုက်ဖုံးပေးမယ့် မီးခိုးတွေလိုမျိုး စွပ်စွဲပြောဆိုတာဟာ မဖြစ်သင့်ဘူးလို့ ကျနော့်အနေနဲ့ ရှု့မြင်သုံးသပ်ပါတယ်။ စာဖတ်သူအနေနဲ့ကော ဘယ်လို ထင်မြင်ပါသလဲ။ ထင်မြင်ယူဆချက်ကို ကွန်မန့်ရေးခဲ့နိုင်ပါတယ်။ ကျနော်တစ်ဦးတည်း သုံးသပ်မှု့က မှားယွင်းနေခဲ့မယ်ဆိုရင် ၀ိုင်းဝန်းထောက်ပြပေးဖို့ မေတ္တာရပ်ခံပါတယ်။

MP3,MP4,ipod,iphone,usb MemoryStick & All Digital Player

$
0
0
စာအုပ်အမည်း ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှုများ နှင့် ပြဿနာဖြေရှင်းခြင်း
ရေးသားသူး သန်းထိုက်[ ရွှေရိပ် ]
အမျိုးအစားး  pdf
အရွယ်အစားး  10.3 MB

ဒီ စာအုပ်လေးကတော့ ဒစ်ဂျစ်တယ်ပစ္စည်းလုပ်ဆောင်မှုများ နှင့် ပြဿနာဖြေရှင်း
ခြင်းစာအုပ်လေးဖြစ်ပါတယ်။ Mp3,Mp4ထဲသို့ဖိုင်များထည့်သွင်းရာတွင် မကြာခဏကြားမြင် နေရသောဒုက္ခအခက်အခဲများကိုဖြေရှင်းပေးရာရောက်စေရန် အဓိကအနေဖြင့်မြန်မာဘာသာဖြင့်ရေးသားထားသော နည်းပညာ pdfစာအုပ်လေး
ဖြစ်ပါတယ်။လေ့လာလိုသူများအောက်ကလင့်တွင် downloadယူနိုင်ပါ
တယ်ခင်ဗျား။

                                                   





Mobole [ကွန်ယက်နည်းပညာ]

$
0
0
စာအုပ်အမည်း Mobole [ကွန်ယက်နည်းပညာ]
ရေးသားသူးသန်းထိုက်[ရွှေရိပ်]
အမျိုးအစားး  pdf
အရွယ်အစားး  6.45 MB     

ဒီစာအုပ်လေးကတော့ Mobole [ကွန်ယက်နည်းပညာ]စာအုပ်လေးဖြစ်ပါတယ်။စတင်လေ့လာနည်းပညာ၊Mobieချိတ်ဆက်နည်းပညာ၊CDMA 800 နှင့်အသုံးချနည်းပညာ၊GSM/WCDMA နှင့်အသုံးချနည်းပညာ၊Interent ဆိုင်ရာအသုံးချနည်းပညာ၊Mobileတို့၏လျို့ဝှက် Keyများ စသဖြင့်နည်းပညာပေါင်းစုံကိုစုစည်းဖော်ပြထားတဲ့ pdfစာအုပ်လေးဖြစ်ပါတယ်။လေ့လာလိုသူများအောက်က download လင့်တွင်ဒေါင်းယူနိုင်ပါတယ်ခင်ဗျား။







STOIK Imagic Premium v5

$
0
0
STOIK Imagic Premium v5ဆော့ဝဲလေးပါ။ ဓာတ်ပုံတွေ့ကို စိတ်ကြိုက်ပုံ အပြုပြင်ပြောင်းလဲလို့ ရတယ်နော်။  Calendarပြက္ခဒိန်ပုံလည်းလုပ်လို့ ရတယ်။  happy birthdayမွေနေ့ပုံလုပ်လည်း ရတယ်။ happy new year 2014အတွက် ပြက္ခဒိန်လှလှလေးလုပ်ရအောင် အောက်မှာ linkတွင် downlaod ယူနိုင်ပါတယ်နော်။
Viewing all 304 articles
Browse latest View live